အထက်မင်းလှ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ယာယီနေရပ်စွန့်ခွာပြည်သူတစ်ဦးအတွက် တစ်လလျှင် ငွေကျပ် (၂၀၀၀၀/)နှုန်းဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လတို့အတွက် တစ်ဦးလျှင် ငွေကျပ် (၄၀၀၀၀)နှုန်းအား ယာယီနေရပ်စွန့်ခွာပြည်သူ (၄၇)ဦးအတွက် ငွေကျပ်(၁၈၈၀၀၀၀/) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)