ပခုက္ကူ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ စည်ပင်သာယာမြို့မဈေးကြီးရှိ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးခြင်းလုပ်ငန်းကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပခုက္ကူမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနတာဝန်ရှိသူများ၊ စည်ပင်သာယာရေးမြို့မဈေး တာဝန်ရှိသူများပူးပေါင်းပြီး အမှိုက်များစနစ်တကျ စွန့်ပစ်ရေးနည်းလမ်းများ၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး၊ ပလတ်စတစ်သုံးစွဲမှု၏ နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ ပလတ်စတစ်အစားထိုး အသုံးပြုနိုင်သည့် ပစ္စည်းများနှင့်စပ်လျဉ်း၍ ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား အသိပညာပေးခြင်း၊ ပလတ်စတစ်အစားထိုးအသုံးပြုနိုင်ရေး စက္ကူအိတ်များနှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)