လေးမျက်နှာ မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်က ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးဆောင်ရွက်ထားရှိမှုနှင့် ကျောင်းအပ်နှံရေးအတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုလှိုင်က ပညာရေးဌာန၏ ရည်မှန်းချက်နှင့် ဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မာင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုလှိုင်နှင့်တာဝန်ရှိသူများက ထက်လယ်မူ ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်မှ ထောက်ပံ့ပေးသော ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံ၊ ဝတ်စုံများ ပေးအပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းမောင်မာင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်ချိုချိုလှိုင်နှင့် တာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစာင့်ရှောက်ရေးအသင်း၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း ၂၀၀ ဦး တက်ရောက်ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)