ပခုက္ကူ မေ ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် ကလေးအလုပ်သမား၏အဓိပ္ပာယ်၊ ကလေးအလုပ်သမား၏ အသက်အရွယ်နှင့် အလုပ်ချိန်သတ်မှတ်ချက်များ၊ ကလေးအလုပ်သမားများ၏ အခွင့်အရေးနှင့် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဆိုင်များနှင့် အလုပ်ဌာနများဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မြန်မာနိုင်ငံကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက်များနှင့်ရည်မှန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေသူများအား အရေးယူအပြစ်ပေးနိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များပါဝင်သည့် စားသား၊ ဆောင်းပါး၊ ကဗျာ၊ ရုပ်ပြကာတွန်းများကို စနစ်တကျပြသရာ ပြည်သူများ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)