ထန်းတပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်း သား/သမီးများအား ထောက်ပံ့ငွေပေး အပ်ပွဲအခမ်းအနားကျင်းပ

ထန်းတပင်(ပဲခူး) မေ ၂၇

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝန်ထမ်း သား/သမီးများအား ပညာသင်စရိတ်ထောက်ပံ့ငွေများပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်လွဲပိုင်းက မြို့နယ်သီရိရတနာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမြင့်က ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဝန်ထမ်းမိသားစုများ၏ သား/သမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် မူလတန်းအဆင့် ကျောင်းသား/သူ ( ၃၁ ) ဦးအား တစ်ဦးလျှင် ငွေ( ၁၀၀၀၀ )ကျပ် ၊ အလယ်တန်းအဆင့် ကျောင်းသား/သူ( ၆ ) ဦး အား တစ်ဦးလျှင် ငွေ(၁၅၀၀၀ )ကျပ် ၊ အထက်တန်းအဆင့် ကျောင်းသား/သူ ( ၃ ) ဦးအား တစ် ဦးလျှင် ငွေ( ၂၀၀၀၀ ) ကျပ် ၊ တက္ကသိုလ်/ ကောလိပ် တက်ရောက်မည့် ကျောင်းသား/သူ(၃ ) ဦးအား တစ်ဦးလျှင် ငွေ ( ၂၀၀၀၀ ) ကျပ် ၊ စုစု ပေါင်းထောက်ပံ့ငွေ ( ၅၂၀၀၀၀ ) ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)