နတ်မောက် မေ ၂၇
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ နတ်မောက်မြို့၌ လူငယ်ကဏ္ဍဆိုင်ရာကိစ္စရပ်များအား အရှိန်အဟုန်တိုးမြှင့်အကောင်အထည်ဖော်ခြင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီ အချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး (၁) ဒေါ်ရီရီငြိမ်းနှင့် ကျန်းမာရေးမှူး (၄) ဒေါ်သီတာထွေးတို့က သွေးလွန် တုပ်ကွေးရောဂါအကြောင်း၊ ဝမ်းလျှောဝမ်းပျက်ရောဂါအကြောင်း၊ လူငယ်နှင့် ကျန်းမာရေးအကြောင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးစသည့် အသိပညာပေးအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် D-ပန်းခင်းဘော်ဒါနှင့် ပညာနန်းတော်ဘော်ဒါများရှိ အထက်တန်းအဆင့် ကျောင်းသား/သူ (၅၀) ဦး တက်ရောက်ခဲ့သည်။
လှဝင်း