စစ်ကိုင်း၊ မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် Save The Children တို့ပူးပေါင်း၍ စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်းနှင့် သင်ထောက်ကူပစ္စည်းများဆိုင်ရာ လက်တွေ့သရုပ်ပြသင်တန်းကို စစ်ကိုင်းမြို့၊ ငလျင်ဘေးကယ်ဆယ်ရေးစခန်း(စကုမှော်)တွင် (၂)ရက်ကြာဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါသင်တန်းကို ကလေးများ၏ ကိုယ်စိတ်ကျန်းမာပျော်ရွှင်မှုအတွက်ကူညီရာတွင် စိတ်လူမှုပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုနှင့် လူမှုစိတ်ခံစားမှုဆိုင်ရာ သင်ယူလေ့လာခြင်း နည်းဗျူဟာများကို အသုံးပြုလာနိုင်စေရန်၊ စိတ်လူမှုဆိုင်ရာ လိုအပ်ချက်များနှင့် လူမှုစိတ်ခံစားမှုဆိုင်ရာ ကျန်းမာပျော်ရွှင်မှုများကို ကလေးငယ်များအား သိမြင်လာစေရန် ပံ့ပိုးကူညီပေးနိုင်ရေးအတွက် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အေးက ပြောသည်။
စိတ်လူမှုပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်းနှင့် သင်ထောက်ကူပစည်းများဆိုင်ရာ လက်တွေ့သရုပ်ပြ သင်တန်းတွင် Save The Children မှ နည်းပြများဖြစ်ကြသည့် ဒေါ်သင်းသင်းစိန်၊ ဒေါ်သီတာခင်နှင့် ဦးအောင်သူဝင်းတို့က ဘာသာရပ်များကို မေလ (၂၆)ရက်မှ (၂၇)ရက်အထိ စာတွေ့သင်ကြားပို့ချပေးပြီး သင်တန်းသား (၂၁)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)