သရက် မေ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခြင်မှတဆင့် ကူးစက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအကြောင်း အသိပညာပေး အခမ်းအနားကျင်းပခြင်းကို ယနေ့ နံနက်(၁၀)နာရီက ခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာမှာ သွေးလွန်တုပ်ကွေးရောဂါသည် သွေးလန်တုပ်ကွေး ဗိုင်းရပ်စ်ပိုး သယ်ဆောင်ထားသောနေ့အချိန်တွင် ကိုက်လေ့ရှိသည့် ခြင်ကျားအကိုက်ခံရခြင်းကြောင့် ဖြစ်ပွားပြီး ကြိုတင်ကာကွယ်ရသော ရောဂါဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။
ထို့နောက် သရက်ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာညွန့်ရွှေအောင်က အခမ်းအနား ကျင်းပရခြင်းနှင့် ခြင်မှတဆင့် ကူးစက်တက်သော သွေးလွန်တုပ်ကွေးရောဂါနှင့် ငှက်ဖျားရောဂါအကြောင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)