ဇလွန်မြို့တွင် သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကျင်းပ

ဇလွန် မေ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတ ခရိုင်၊ ဇလွန်မြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှ သဘာဝရေပြင် အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဧရာဝတီ မြစ်ကမ်းဘေး (ကျီးပင်ဆိပ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သဘာဝရေပြင်အတွင်းသို့ ငါးမျိုးစိုက်ထည့်ပွဲခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြိုနယ်ငါးလုပ်ငန်း ဦးစီးဌာနဝန်ထမ်းများ၊ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများက ဧရာဝတီ မြစ်အတွင်းသို့ ငါးမြစ်ချင်း ငါးသားပေါက် ( ၁၀၀၀၀၀ )၊ ငါးခုံးမ ငါးသားပေါက် (၂၀၀၀၀) စုစုပေါင်း ငါးသားပေါက် ကောင်ရေ (၁၂၀၀၀၀) ကို စုပေါင်း ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။

ဝေယံ - ဇလွန်(ပြန်/ဆက်)