နတ်မောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကျင်းပ

နတ်မောက် မေ၂၇

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် Grade-8 ကျောင်းသား/သူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖွင့်လှစ်ဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းအောင်ထွေးက မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းအေးက အခြေခံပညာကျောင်းများတွင် သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင်ဆရာ/မများမှ ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံရာတွင် စနစ်တကျရှိစေရန်နှင့် ပြဋ္ဌာန်းဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ခဲတံများကို အခမဲ့ထုတ်ပေးရန် တက်ရောက်လာကြသည့် ဆရာ/မများအား  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ ပေးအပ်သော ပြဋ္ဌာန်းဖတ်စာအုပ်၊ ကျောင်းဝတ်စုံ၊ ဗလာစာအုပ်များကို ပေးအပ်ခဲ့ရာ ကျောင်းသား/သူများက လက်ခံရယူခဲ့ကြသည်။ ထို့နောက် Grade-8 ကျောင်းသား/သူများက ဇာတိမာန်သီချင်းဖြင့် ဖျော်ဖြေခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့်အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့်ဆရာ/မများ၊ ကျောင်းသား /သူများ၊ မိဘများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း