မင်းကင်း မေ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူပညာပေးဆွေးနွေးပွဲကို သလဘာကျေးရွာရှိ ဓမ္မာရုံ၌ ယနေ့မွန်းလွဲ ၁ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးသန်းနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ယမန်နေ့တက်ရောက်လာကြသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို ခေတ်မီနည်းပညာအသစ်အသုံးပြုပြီး စနစ်တကျမွေးမြူစိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဟေမာန်ကျော်ဝင်းက ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းဇော်က ဆက်သွယ်ရေးဆိုင်ရာ ဥပဒေများကို ဟောပြောကြားပြီး မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ဦးကျော်မင်းနိုင်က မီးခိုးမြူငွေ့ တားဆီးရေးအကြောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက် ထောက်ကြီးကြပ်ရေးမှူး ဦးမောင်မောင်စိုးက ဝက်မွေးမြူရေးအကြောင်းများ ရှင်းလင်းပြောကြားခဲ့ပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဒေါ်ဇင်မမက စပါးစိုက်ပျိုးရေးစနစ်၊ လက်ထောက်ဦးစီးမှူး ဒေါ်အေးနန္ဒက ပိုးသတ်ဆေးဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနည်းနှင့် လက်ထောက်ဦးစီးမှူး ဒေါ်ခိုင်ရွှေဇင်က ကောက်ရိုးမှိုစိုက်ပျိုးနည်းစနစ်များကို ပါဝါပွိုင့်ဖြင့် အသီးသီးဟောပြောရှင်းလင်းခဲ့ကြပြီး တက်ရောက်လာကြသည့် တောင်သူများက သိလိုသည့်အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)