ကလေးဝမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်

ကလေးဝ မေ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဇော်ဇော်အောင်က အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပညာရေးမှူး ဦးမောင်လွင်က မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ကလေးဝမြို့ အခြေခံပညာကျောင်းများရှိ ၂၀၂၅ ခုနှစ် မေ လ ၂၂ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးသီးတင်ပတ်အဖြစ် ကျောင်းအပ်လက်ခံခဲ့ရာမေလ ၂၆ ရက်နေ့အထိ ကျောင်းအပ်နှံမှု မူလတန်း ၁၉၈၉ ဦး၊ အလယ်တန်း ၅၆၃ ဦး၊ အထက်တန်း ၄၉၂ ဦး စုစုပေါင်း ၂၉၄၄ ဦး ကျောင်းအပ်လက်ခံခဲ့ကျောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)