သရက် မေ ၂၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ သီတင်းပတ်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်(၈) နာရီ (၃၀) မိနစ် အချိန်က အမှတ်(၁)အခြေခံနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ရာပြည့်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားတွင် လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်မေကျော်ကိုက အဖွင့်အမှာစကားပြောကြားရာမှာ ကျောင်းနေအရွယ် ကလေးများအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီ အချိန်မှီကျောင်းအပ်နှံကြရန်နှင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ပြောကြားပေးခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်စုလှိုင်မြင့်က ကျောင်းအပ်နှံရေးသီတင်းပတ် အထိမ်းအမှတ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများအတွက် နိုင်ငံတော်မှ အခမဲ့ထောက်ပံ့သော ပစ္စည်းများအား လက်ထောက်ညွှန်ကြားရေးမှူး ဆရာမကြီး ဒေါ်ခင်မေကျော်နှင့် တာဝန်ရှိသူအသီးသီးကပေးအပ်ရာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့် ကျောင်းသား/ကျောင်းသူများက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)