လက်ပံတန်း၌ ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

လက်ပံတန်း မေ ၂၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်း(၃)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အသက် ၁၆နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား လုံးဝမပြုလုပ်ရသေးသူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးဇော်သန်းမှကြီးကြပ်၍ ပျဉ်းကတုန်းကုန်းကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းကျေးရွာရှိ ပြည်သူ ၅၀ ဦးအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)