ညောင်တုန်း မေ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအား ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာသင်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးကျော်က ဝန်ထမ်းသားသမီးများအား ပညာသင်ကြေးပေးခြင်းကို နှစ်စဉ်ဆောင်ရွက်လျှက်ရှိပြီး ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သောကြောင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရန် အရည်အသွေးပြည့်ဝသော နိုင်ငံသားကောင်းရတနာများဖြစ်အောင် ကြိုးစားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများဖြစ်သော တက္ကသိုလ်အဆင့်(၇)ဦး၊ အထက်တန်းအဆင့်(၉)ဦး၊ အလယ်တန်းအဆင့်(၇)ဦး၊ မူလတန်းအဆင့်(၃၀)ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၅၃) ဦးတို့ကိုအား တက္ကသိုလ်အဆင့်နှင့် အထက်တန်းအဆင့် တစ်ဦးလျှင် စာရေးကိရိယာနှင့် ငွေကျပ်(၅၀၀၀၀)နှုန်းဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်တစ်ဦးလျှင် စာရေးကိရိယာနှင့် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့်လည်းကောင်း မြို့နယ်အုပ်ချုပ်ရေးမှူး၊ မိသားစုစည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌနှင့် အရာရှိသူများက ပညာသင်ကြေးများပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်ဆက်)