မုံရွာ မေ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ချမ်းမြဝတီရပ်ကွက် အမှတ်ရေကူးကန်လမ်းပေါ်တွင် ယနေ့နံနက်ပိုင်းက မိုးရွာသွန်းမှုကြောင့် မြေပွကာ သက်တမ်းရင့်ထနှောင်းပင်ကြီးတစ်ပင်ပြိုလဲခဲ့ရာ အဆိုပါသစ်ပင်ကြီး ပြိုလဲနေမှုအား မုံရွာမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်၍ စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြရာ နေ့ ၁၂ နာရီခွဲ အချိန်တွင် ရှင်းလင်းဆောင်ရွက်ပြီးကြောင်း သိရသည်။
အဆိုပါ သစ်ပင်ကြီးလဲကျမှုကြောင့် လူနှင့်တိရစ္ဆာန်နှင့် အဆောက်အဦးများ ထိခိုက်မှုမရှိ ကြောင်းသိရပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇင်မိုအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ ရှင်းလင်းခဲ့ကြကြောင်း သိရှိရသည်။