ဝါးခယ်မတွင် ကျောင်းသား၊ ကျောင်းသူ လေးသောင်းကျော် ကျောင်းအပ်နှံပြီးစီးကာ ဆက်လက်၍ ကျောင်းအပ်လက်ခံ

ဝါးခယ်မ မေ ၂၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဝါးခယ်မမြို့နယ်အတွင်းရှိ ကျောင်းနေအရွယ် ကလေးများအားလုံး ရာနှုန်းပြည့် ကျောင်းအပ်နှံနိုင်စေရေးအတွက် အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံမှုများကို မေလ ၂၂ ရက်နေ့မှစကာ ပိတ်ရက်မရှိ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ယခုပညာသင်နှစ်၏ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ် မေ ၂၂ ရက်မှ ဇွန်  ရက်အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို ဝါးခယ်မမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများ၌ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်အထိ အခြေခံပညာကျောင်းအသီးသီးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အထိ ကျောင်းအပ်နှံပြီးစီးသူ ၄၀၇၈၀ ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံပညာကျောင်း ၃၄၇ ကျောင်းရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၆၃၃၄ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၂၈၀၀ ဦး၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၆၅၄၆ ဦး တက်ရောက်သင်ကြားခဲ့ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်မင်းထွန်း၏ ပြောပြချက်အရ သိရသည်။

လွှမ်းသီဟ(ဝါးခယ်မ)