အုတ်တွင်း မေ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းမှ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျော့နည်းပပျောက်ရေးအတွက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို မေ ၂၄ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ ကျေးရွာများအတွင်းသို့ တစ်အိမ်တက်ဆင်းလိုက်လံ စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
အဆိုပါစစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအဏ္ဏဝါအောင်နှင့် အဖွဲ့ဝင်များ၊ တောင်ငူခရိုင် လျှပ်စစ်အင်ဂျင်နီယာ ဦးသက်နိုင်ဝင်းနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇင်မင်းထွန်းတို့က ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ရပ်ကွက်/ ကျေးရွာအတွင်းရှိ ထရန်စဖော်မာများ၊ ပါဝါမီတာများနှင့် အိမ်သုံးမီတာများအား ဓာတ်အားပြတ်တောက်မှုလျှော့ချနိုင်ရေးနှင့် ဓာတ်အားပျောက်ဆုံးမှုလျှော့ချနိုင်ရေးအတွက် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ သိရသည်။
ခင်ခင်မာ (ပြန်/ဆက်)