ရေတာရှည် မေ ၂၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စပါးမျိုးကွဲ-အောင်နိုင်တိုးစပါးမျိုး နွေစပါးစံပြစိုက်ကွက် ကွင်းသရုပ်ပြရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက် ၈ နာရီကသပြေတန်းကျေးရွာအုပ်စု ထန်းကုန်းကျေးရွာ ကွင်းအမှတ်(၆၂၇)၊ တောင်သူဦးတင်ပိုင်၏ လယ်မြေစံပြစိုက်ကွက်၌ ဆောင်ရွက်ခဲ့သည်။
ထို့နောက် စံပြစိုက်ကွက်ရိတ်သိမ်းမှုအား စိုက်ပျိုးရေးဦးစီးဌာန၊ နေပြည်တော်စပါးသီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးတိုးမင်း၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုင်းသန်းအောင်တို့မှ အောင်နိုင်တိုးစပါးဝယ်ယူဖြန့်ဖြူးရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
တောင်သူဦးတင်ပိုင်၏ စပါးမျိုး ကွဲ-အောင်နိုင်တိုးစပါးမျိုး နွေစပါးစံပြစိုက်ကွက်တွင် ပျမ်းမျှစပါးအစို ထွက်နှုန်း (၁၅၄) တင်း၊ အခြောက်အထွက်နှုန်း(၁၃၈.၃၈) တင်းထွက်ရှိခဲ့ကြောင်းနှင့် ဆားရည်စိမ်ပြီး စိုက်ပျိုးရန်တောင်သူများ အသိပညာပေးသရုပ်ပြပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနေလင်းဇော်နှင့် ဝန်ထမ်းများက ရှင်းလင်းခြင်းများ ဆက်လက်ဆောင်ရွက်ခဲ့သည်။
အဆိုပါစံပြစိုက်ကွက်ရိတ်သိမ်းရာသို့ စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် ကော်မတီဝင်များ၊ သပြေတန်းကျေး ရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တောင်သူများ တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)