သရက် မေ ၂၆
မကွေးတိုင်းဒေသကြီး သရက်မြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းအဖြစ် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်း၊ အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၁၀)နာရီက ရွှေဘုံသာမူလတန်းကျောင်းနှင့် ရုံးရပ်မူလတန်းကျောင်းတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ခရိုင်ဆရာဝန်ကြီး ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက အဘိတ်ဆေးခတ်ပေးခြင်း၊ ခြင်များခိုအောင်းမှုမရှိ စေရေးရေလှောင်ကန်များရေပုံးများ၊ မိုးရေဝင်နိုင်သည့် အိုခြမ်းပဲ့၊ တာယာကွင်းစသည့် ခြင်ပေါက်ဖွားနိုင်သည့် နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)