နတ်မောက် မေ၂၆
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး အသားဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ/မရှိ ယမန်နေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးခဲ့ကြသည်။
ထိုသို့ လိုက်လံစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီဝင်များ ပူးပေါင်း၍ ဝက်၊ အမဲ၊ ဆိတ်သားဈေးနှုန်းများဖြစ်သည့် ဝက်သားတစ်ပိဿာ(၂၀၀၀၀)ကျပ်၊ အမဲသားတစ်ပိဿာ(၁၉၀၀၀)ကျပ်နှင့် ဆိတ်သားတစ်ပိဿာ(၂၁၀၀၀) ကျပ်စသည့် သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုနှင့် အလေးချိန်ခွင်ပြည့်ဝစေရေး လိုက်လံစစ်ဆေးခဲ့ကြကြောင်း သိရသည်။
လှဝင်း