အုတ်ဖိုမြို့နယ်တွင် နွေစပါး(သုံးသီးထပ်)အား တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စုပေါင်းစိုက်ပျိုး

အုတ်ဖို မတ် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂုံညင်းတန်းအုပ်စု၊ ဂုံညင်းတန်းကျေးရွာ၊ ကွင်းအမှတ် (၇၉၇) တွင် မတ်လ ၁၄ ရက်နေ့နံနက်ပိုင်းက နွေစပါး (သုံးသီးထပ်)အား တိုက်ရိုက်မျိုးစေ့ချကိရိယာ (Drum seeder) ဖြင့် စုပေါင်းစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ နွေစပါး (သုံးသီးထပ်) စိုက်ပျိုးမှုအား ခရိုင်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စိုက်ပျိုးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် နွေစပါး (သုံးသီးထပ်) အား (၉၉၉၆) ဧကအထိ စိုက်ပျိုးသွားမည်ဖြစ်ကြောင်းသိရသည်။

အောင်သူ (အုတ်ဖို)