စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ရာသီတုပ်ကွေး ရောဂါ အသိပညာပေးလုပ်ငန်းဆောင်ရွက်

ပန်ဆောင် ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ရာသီ တုပ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်(၃ )ရပ်ကွက်အတွင်း အသိ ပညာပေးလုပ်ငန်းများကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့အုပ်ချုပ်ရေးမှူးဦးမျိုးမင်းဦး၊ မြို့ကျန်းမာရေးတာဝန်ခံ ဒေါက်တာသက်နိုင်အေးနှင့် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်အတွင်းရှိ စံချိန်စံ ညွှန်းနှင့် ကိုက်ညီသည့် အိမ်သာသုံးစွဲမှုနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှုရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးပြီး ရေတွင်းရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြကြောင်းသိရသည်။

ဂျာယော်(ပြန် /ဆက် )