မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြစိမ်းရောင်ကျေးရွာစီမံကိန်းမိတ်ဆက်ရှင်းလင်းပြီး ကျေးရွာ ကော်မတီ ရွေးချယ်

ဂန့်ဂေါ ဒီဇင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး မိတ်ဆက် ရှင်းလင်း ပွဲများကို    တောင်ပြင်ကျေးရွာတွင် ယမန်နေ့မွန်းလွဲ ၂ နာရီ အချိန်ခန့်က ကျေးရွာအုပ်ချုပ် ရေးမှူးရုံး များ၌ ပြုလုပ်သည်။

ရှင်းလင်းရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးပြူးလွင်၊ ဂန့်ဂေါမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေးတို့က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသက်ထွေးက မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်း ကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မြစိမ်းရောင် စီမံကိန်းကော်မတီအဖွဲ့ဝင်များတို့က ကျေးရွာသူ၊ ကျေးရွာသားများ၏ ဆန္ဒသဘောထားဖြင့်ရွေးချယ်ထားသော ကျေးရွာကော်မတီဝင်(၉)ဦးအား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့်အညီ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှင်းလင်းရာသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဆန်းဝင်း၊ ဂန့်ဂေါခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး ဦးဝင်းအောင်၊ မြို့နယ်စီမံကိန်းဦးစီးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ယဉ်နွဲ့ဝင်း၊  မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန မှူး ဦးထင်အောင်ကြွယ်နှင့် ကျေးရွာသူ/သား(၆၀)ဦးတို့ တက်ရောက်ခဲ့ကြ ကြောင်း သိရှိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)