သဲကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

သဲကုန်း မေ ၂၄

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုများကို မေလ ၂၁ ရက်နေ့ နံနက်(၉) နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။

သဲကုန်း​မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ လုပ်ငန်းနယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက် ကျန်းမာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်ဝသော ကျန်းမာရေးစောင့်ရှောက်မှုကိုခံယူခြင်းဖြင့် ကျန်းမာပျော်ရွှင် အသက်ရှည်စွာနေထိုင်ရေးအတွက် တိုင်းဒေသကြီးကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်ဖြင့် သဲကုန်းမြို့နယ် ပြည်သူ့ကျန်းမာ​ရေးဦးစီးဌာန​တွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမင်း​​ထွေးနှင့်ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက် ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက ​စောလျင်စွာကုသခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိုးများ မဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁)ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု​ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ် (ပြန်/ဆက်)