လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show အစီအစဉ် ပြုလုပ်

လိပ်သို  ဒီဇင်ဘာ ၁၁

ကရင်ပြည်နယ်၊ ဘားအံခရိုင် ၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စားသုံးသူကာကွယ်ပေးရေး အသိပညာပေး  Online Talk Show   ဆွေးနွေးမှုကို  ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ ကြောင်း သိရပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး  ဒေါ်နွယ်နွယ်ခိုင် မှ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ Online မှ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်ကာ Talk Show    ပညာပေး အစီအစဉ်များ   ကျင်းပနေခြင်းဖြစ်ကြောင်း  ရှင်းပြ သည်။  ထို့နောက်  စားသုံးသူကာကွယ်ပေးရေး အသိပညာပေး Talk Show   အစီအစဉ် ပြုလုပ်ရာ  သံတောင်ကြီးမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ မြို့နယ်တာ၀န်ခံ ဦးသန်းဇိုဝါးနီ က  စားသုံးသူတို့ မိမိတို့၏ အခွင့်အရေးများ၊ နစ်နာမှုများ ၊ တိုင်ကြားနိုင်မှုများ သိရှိစေရန်၊ စားသုံးသူတို့၏ အခွင့်အရေးကို ထိရောက်စွာ ကာကွယ်ပေးနိုင်စေရန်၊ စားသုံးသူများအား စားသုံးသူကာကွယ်ပေးရေး ဥပဒေအကြောင်း သိရှိနားလည်စေရန် နှင့် ပတ်သက်၍  Online Talk Show   အစီအစဉ်အား ပညာပေး ဟောပြော ဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးခြင်းကို Online မှ တစ်ဆင့် အသိပညာပေးနိုင်ရေးအတွက် ရည်ရွယ်ကာ  IPRD Leiktho Page  မှ တစ်ဆင့် ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရပါသည်။

နွယ်နွယ်ခိုင် (ပြန်/ဆက်)