ပခုက္ကူ ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကြိုးတန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ ရေရှားပါးမှု မရှိဘဲ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာရရှိသုံးစွဲနိုင်ရေးအတွက် စက်ရေတွင်းတူးဖော် နေမှု အခြေအနေ တို့အား ဒီဇင်ဘာလ ၁၀ရက် နေ့လယ် ၁နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀- ၂၀၂၁ခု ဘဏ္ဍာရေးနှစ်၌ မူလခွင့်ပြုရန်ပုံငွေဖြင့် ပခုက္ကူမြို့နယ်၊ကျတ်ထိုးအုပ်စု၊ ကြိုးတန်းကျေးရွာတွင် အချင်းလေး လက်မ၊ အနက် ပေ၇၂၀ရှိသည့် စက်ရေတွင်းအား ဦးစီးဌာန၏ စက်အမှတ်(DRD-010) ရေတွင်း တူးစက်ဖြင့် တစ်နာရီလျှင် ရေဂါလန် ၁၅၀၀ ခန့် ထွက်ရှိသည်အထိ အောင်မြင်စွာ တူးဖော် ဆောင်ရွက်နိုင်မှုအခြေအနေတို့ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပခုက္ကူ ခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဇာဝင့်နှင့်ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေးကြပြီး စက်ရေ တွင်းတူး ဖော်မှုအား လုပ်ငန်းစံချိန်စံညွှန်းအရည်အသွေးများနှင့်ကိုက်ညီအောင် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး နည်းပညာ ဆိုင်ရာလိုအပ်သည်များကို ပေါင်းစပ်ဆောင် ရွက်ပေးကြကြောင်းသိရသည်။
အဆိုပါစက်ရေတွင်းတူးဖော်မှုရာနှုန်းပြည့်ပြီးစီးပါက ကြိုးတန်းကျေးရွာရှိ အိမ်ခြေ(၅၃)အိမ်၊လူဦးရေ(၂၉၉)ဦးတို့ အတွက် နွေရာသီကာလရေရှားပါးမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေကို ဖူလုံစွာရရှိသုံးစွဲနိုင်ကြ တော့မည် ဖြစ်ကြောင်း သိရ သည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)