ငွေဆောင်မြို့၌ Quarantine ဝင်ရောက်နေသူများနှင့် volunteer များကို RDT Test Kit ဖြင့် စစ်ဆေးရာတွင် COVID-19 ရောဂါ ပိုးမတွေ့

ငွေဆောင်  ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Quarantine ဝင်ရောက်နေကြသည့် ရန်ကုန်မြို့မှနေရပ်ပြန် (၆)ဦးနှင့် ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေကြသည့် volunteer(၅)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အား ယနေ့နံနက် ၈နာရီအချိန်တွင် RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရကြောင်း သိရသည်။

ငွေဆောင်မြို့ အ.ထ.ကငွေဆောင်ကျောင်း Quarantine Centre တွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ရောဂါအဖြစ်များသော ဒေသများမှ ငွေဆောင်မြို့သို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ဝင်ရောက်လာ သူများထားရှိရန် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင်   Quarantine ဝင်ရောက်နေသူ(၂၁)ဦးရှိပြီး လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မူမူသွင်(ပြန်/ဆက်)