တန့်ဆည် ဒီဇင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သဲကုန်း မြစိမ်းရောင်စီမံကိန်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းအတိုးရငွေဖြင့် ကျေးရွာအတွင်း လမ်းဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့ နံနက် (၁၀) နာရီ အချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြည်ဇင်၊ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးကံကောင်းတို့က ကွင်းဆင်းကြီးကြပ်စစ်ဆေး ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
အဆိုပါ ကျေးရွာတွင်း ဂျင်းခင်းခြင်းလုပ်ငန်းအား မြစိမ်းရောင်စီမံကိန်း လည်ပတ်ရန်ပုံငွေ အတိုးရငွေမှ ငွေကျပ်သိန်း (၁၀၀)ဖြင့် အရှည်(၂၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၉)လက်မထု ရှိပြီး လုပ်ငန်းပြီးစီးပါက ကျေးရွာမှ အိမ်ခြေ (၁၄၆)အိမ်၊ လူဦးရေ(၈၁၄)ဦးတို့အတွက် လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေချောမွေ့ကာ ကျေးရွာသူ/သားများ သွားလာ ရေး လွယ်ကူမည်ဖြစ် ကြောင်း သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)