မင်းတုန်း ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်းကျေးရွာ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ကိုင်းငယ်ကျေးရွာတွင် ပြုလုပ်ခဲ့သည်။
ထိုသို့ စီမံကိန်းမိတ်ဆက် ရှင်းလင်းခြင်းဆောင်ရွက်ရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ ရည်ရွယ်ချက်၊ ချေးငွေရယူနိုင်သော လုပ်ငန်းအမျိုး အစားများနှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ကျေးရွာကော်မတီကို ပြည်သူများ၏ဆန္ဒ မဲစနစ်ဖြင့်ရွေးချယ်စေ၍ ကော်မတီဖွဲ့စည်းပေးခဲ့သည်။
အဆိုပါမြစိမ်းရောင်ကျေးရွာ စီမံကိန်းသည် အရင်းမပျောက် ချေးငွေဖြစ်ပြီး ကျပ်သိန်းသုံးရာ မတည် ထုတ်ချေးပေးမည်ဖြစ်ပြီး ရရှိလာသော အတိုးလည်ပတ်ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါ မြစိမ်းရောင်ကျေးရွာ စီမံကိန်းဆောင်ရွက်မည့် ကိုင်းငယ် ကျေးရွာသည် အိမ်ခြေ (၁၂၅) အိမ်ရှိကြောင်း သိရှိရသည်။
ချင်းကလေး(NRDC)