မုံရွာ မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖိနပ်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ရွှေလဝါဝါက ဒေသတွင်း တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသတွင်း လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး သင်တန်းများ ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီအတွင်းရေးမှုး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးကိုယ်စား၊ လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်သန္တာက သင်တန်းနည်းပြဆရာမ ဒေါ်ခင်မာဝင်းအား ဂုဏ်ပြချီးမြှင့်ငွေကိုလည်းကောင်း၊ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက သင်တန်းမှ ထွက်ရှိသည့် ဖိနပ်ချုပ်အမျိုးမျိုးတို့ကို သင်တန်းသူများအားလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီးနောက် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ စုစုပေါင်း ၂၀ ဦး တက်ရောက်ခဲ့ကြပြီး ဖိနပ်ချုပ်နည်း (၆) မျိုးကို သင်တန်းကာလ (၃) ရက်ကြာ စာတွေ့လက်တွေသင်ကြားပြသခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)