မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၄၆)ဦးမြောက် ပိုးတွေ့လူနာ(၁)ဦး ထပ်မံတွေ့ရှိ

                        နတ်မောက်  ဒီဇင်ဘာ ၁၁                                  

မကွေးတိုင်းဒေသကြီး ၊နတ်မောက်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ (၁၄၆)ဦး မြောက်ပိုး  တွေ့လူနာ(၁)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှသိရသည်။

အဆိုပါပိုးတွေ့လူနာသည် နတ်မောက်မြို့ တမာပင်ရပ်ကွက်မှ အမျိုးသမီး( ၁ )ဦးဖြစ်ပြီး ၎င်းအမျိုးသမီး သည် တိုင်းခြားခရီးသွားရာဇဝင်မရှိဘဲ ၁၀-၁၂-၂၀၂၀ ရက်နေ့တွင် ကိုယ်လက်ကိုက်ခဲ၍    ၁၁-၁၂-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် အနံ့ပျောက်ခြင်းဝေဒနာခံစားရသဖြင့်  မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် RDT ( Antigen ) နှင့်စစ်ဆေးခဲ့ရာ Covid ရောဂါပိုး Positive  တွေ့ရှိခဲ့၍  မြို့နယ်ပြည်သူ့ဆေးရုံ ( lsolation Ward ) တွင်ထားရှိကုသပေးမည်ဖြစ်ပြီး  အဆိုပါပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်သူများအား စစ်ဆေးမှု များပြုလုပ်‌‌နေကြောင်း သိရသည်။

နတ်မောက်မြို့ နယ်တွင် ကိုဗစ်-၁၉ပိုးတွေ့လူနာယနေ့အထိ(၁၄၆)ဦးရှိရာ ဆေးရုံဆင်းခွင့်ရရှိသူ       (  ၁၀၆  ) ဦးရှိ၍ ကျန်ရှိပိုး တွေ့လူနာ ( ၄၀ )ဦးအား မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့်  Covid Centre (2) တွင်ထားရှိသွား မည်ဖြစ် ကြောင်းသိရသည်။   

သင်းသင်းဝေ (နတ်မောက်)