ဝက်လက်မြို့နယ်၌ ရေမွှေးပန်းစိုက်၍ မိသားစု တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း အဆင်ပြေ

ဝက်လက် ဒီဇင်ဘာ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် သရက်ကြီးကျေးရွာတွင် ရေမွှေးပန်း စိုက်၍ မိသားစု တစ်ပိုင်တစ်နိုင် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူများ အဆင်ပြေလျက်ရှိ​ကြောင်း သိရပါသည်။

အဆိုပါ ရေမွှေပန်းများ စိုက်တော့မည်ဆိုလျှင် ထယ်ရေးကို ညက်နေအောင် ထွန်ယက်ပြီး ခုံကလေးတွေ ပြုလုပ်ကာ တောင်မြောက်ကြိုးတန်းပြီး ၊တစ်ပင်နှင့် တစ်ပင်  တစ်ပေခွာ ၍ ပျိုးပင် တစ်တက်လျှင် (၁၀ဝိ/-) ကျပ်ပေး၍ ဝယ်ယူကာ စိုက်ပျိုးရကြောင်းသိရပါသည်။ စိုက်ပျိုး ချိန်တွင် ရေသွင်းထားရှိရပြီးနောက်  (၁၅) ရက်ကြာလျှင် ရေလျှော့ကာ ပေါင်းသင်ပြီး မြေဆီ ကျွေးကာ (၂၀)  ရက်ခန့် ကြာသောအခါ အဖူး၊အပွင့် ကလေးတွေ ဝေလာလျှင် ချိုးယူ ရောင်းချ ရကြောင်းသိရပါသည်။

လယ်မြေဧက ( ၂)  ယောက်စိုက်လျှင် တစ်လ ပေါင်းသင်ခ ( ၇၅၀၀ဝိ/-) ကျပ်၊ ရေတင်ခ (၂၀၀၀ဝိ/-) ကျပ်ပေးရပြီး၊ တစ်ကြိမ် စိုက်ထားလျှင် (၂) နှစ်ခန့် ချိုးယူရောင်းချရပြီး၊ တစ်စည်းလျှင် ( ၁၅၀ဝိ/-) ကျပ်ဖြင့် ဝက်လက်မြို့သို့ သွားရောက် ရောင်းချရကာ၊ တစ်နေ့ ပုံမှန်ဝင်ငွေ ( ၁၀၀၀၀ဝိ/) ကျပ် ရရှိကာ မိသားစု ပုံမှန်ဝင်ငွေ ရရှိကြောင်း သရက်ကြီးကျေးရွာ ရေမွှေးပန်းစိုက်တောင်သူ ဦးဆောင်းတင်၏ ပြောကြားချက်အရ သိရှိရပါသည်။

  စိုးစိုးလှိုင် (ဝက်လက်)