မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌မိုးနှောင်းချည်မျှင်ရှည်ဝါ(ငွေချည်-၉) စံပြ ကွက် စိုက်ပျိုးသည့်တောင်သူများအား မြေဩဇာများ ထောက်ပံ့ပေးအပ်

ထီးလင်း ဒီဇင်ဘာ ၁၁

ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ထလင်းကျေးရွာ၌ မိုးနှောင်း ချည်မျှင်ရှည်ဝါ(ငွေချည်-၉) စိုက်ပျိုး သည့် တောင်သူများအား အာမိုနှင့်ပုလဲသာ မြေဩဇာများကို တာဝန်ရှိသူများက ယမန်နေ့တွင် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ဂန့်ဂေါခရိုင် စိုက်ပျိုးရေးဦးစီးဌာန မှ မြေ,အသုံးချရေး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်တင်မာဖြိုး နှင့် ထီးလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မှ ဝန်ထမ်းများက ထလင်းကျေးရွာ၌မိုးနှောင်း ချည်မျှင်ရှည်ဝါ(ငွေချည်-၉) စံပြကွက် စိုက်ပျိုးသည့် တောင်သူ ဦးမော်ကြီး အပါအဝင် တောင်သူ(၃)ဦး တို့အား ချည်မျှင်ရှည်ဝါ စိုက်ဧက (၃)ဧက အတွက်            အာမို(၁)အိတ်နှင့်ပုလဲသာ မြေဩဇာ (၁) အိတ် တို့ကို ထောက်ပံ့ ပေးအပ်ခဲ့ ကြောင်း နှင့် ထီးလင်းမြို့နယ်တွင် စုစုပေါင်း ဝါ, စိုက်ဧက(၁၀)ဧက ကျော် စိုက်ပျိုးလျက် ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်စည်(ပြန်/ဆက်)