ဖောင်းပြင်မြို့၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုး

ဖောင်းပြင် မေ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာနက စီစဉ်ကျင်းပသော မိုးရာသီအကြို သစ်ပင်စိုက်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဖောင်းပြင်- ဟုမ္မလင်း ကားလမ်းဘေး၌ပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်သူများပူးပေါင်းပါဝင်ကာ သစ်ပင်ပေါင်း ၅၄၀ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ထိုသို့စိုက်ပျိုးရာတွင် သစ်ပင်စိုက်ပွဲသို့ တက်ရောက်လာသည့် လူဦးရေ ၁၈၁ ဦးတို့က ကျွန်းအပင် ၂၀၀၊ ပျဉ်းကတိုးအပင် ၁၀၀၊ မန်ဂျန်ရှားအပင် ၄၀၊ ခရေအပင် ၅၀၊ ကံ့ကော်အပင် ၅၀၊ ပိတောက်အပင် ၁၀၀ စုစုပေါင်း ၅၄၀ ပင်ကို စိုက်ပျိုးခဲ့ကြသည်။

အဆိုပါသစ်ပင်စိုက်ပွဲကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အထောက်အကူဖြစ်စေရန်၊ ဒေသတွင်းစိမ်းလန်းစိုပြည်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအထောက်အကူပြုနိုင်စေရန်၊ သဘာဝသစ်တောများ ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနက တာဝန်ရှိသူထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)