မော်လိုက် မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့တွင် “၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းနေအရွယ်ကလေးများအားလုံး စဉ်ဆက်မပြတ်ပညာယူဖို့ ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာကို ယနေ့နံနက်(၈)နာရီအချိန်က အ.ထ.ကကျောင်းရှေ့၌ တာဝန်ရှိသူများက စိုက်ထူခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဆန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်ပညာရေးမှူး (တာဝန်ခံ)၊ မြို့နယ်ပညာရေးမှူး၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မြို့နယ်မိခင်နှင့်ကလေး အသင်းအဖွဲ့များက ကျောင်းအပ်နှံရေးနေ့ မြေစိုက်ပိုစတာကိုစိုက်ထူခဲ့ကြပြီး တာဝန်ရှိသူများက အမွေးနံ့သာပက်ဖျန်းခြင်း၊ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် မော်လိုက်ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေအထိ လက်ခံလျက်ရှိရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ကိုထက်