ပုသိမ် မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ကျောင်းအပ်နှံလက်ခံဆောင်ရွက်ပေးလျက်ရှိရာတွင် KG တန်းမှ Grade-5 အထိ ကျောင်းသုံး ပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း၊ Grade-6 မှ Grade-12 အထိ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာပစ္စည်းများကိုလည်းကောင်း အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ကျောင်းအပ်လက်ခံခြင်းကို မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)