ဟားခါးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ဟားခါး မေ ၂၂

ဟားခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးအောင် ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ဟားခါးမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ကောင်းမွန်စွာ ကျောင်းတက်ရောက်နိုင်ရေးအတွက်ရည်ရွယ်၍ ယခုကဲ့သို့ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြခြင်းဖြစ်ပြီး ဟားခါးမြို့ပေါ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကို မေလ ၁၄ ရက်နေ့တွင်လည်းကောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းကို မေလ ၁၅ ရက်နေ့တွင်လည်းကောင်း၊ အမှတ်နှင့်(၃) အခြေခံပညာအထက်တန်းကျောင်းကို မေလ ၂၁ ရက်နေ့တွင်လည်းကောင်း ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)