အထက်မင်းလှ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးကြမည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မေလ(၂၀)ရက်နေ့ကစတင်ထုတ်ချေးပေးခဲ့ရာ ယနေ့နံနက် (၁၀)နာရီက ဆက်လက်ထုတ်ချေးပေးလျက်ရှိသည်။
မင်းလှမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅-၂၀၂၆ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးစရိတ်ဘဏ်ချေးငွေအား ကျေးရွာအုပ်စု (၄၀) အုပ်စု၊ တောင်သူ (၂၈၆၉)ဦးအား ချေးငွေကျပ်သိန်း (၂၁၀၀၀)ထုတ်ချေးရန် လျာထားပြီး တောင်သူများ ပိုင်ဆိုင်ထားသော (ပုံစံ-၇)မူရင်းများကို ဘဏ်အပေါင်အဖြစ်ရယူထားက တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ရှင်းလင်းလွယ်ကူစွာ ထုတ်ချေးပေးလျက်ရှိသည်။
အဆိုပါ မိုးသီးနှံထုတ်ချေးရန်ကာလမှာ ၂၀၂၅ ခုနှစ်၊ မေလမှ စက်တင်ဘာလကုန်အထိဖြစ်ပြီး ၂၀၂၅ ခုနှစ် မေလ (၂၀)ရက်နေ့တွင် စတင်ထုတ်ချေးပေးခဲ့ရာ ကျေးရွာအုပ်စု (၄)အုပ်စု၊ တောင်သူ (၇၈)ဦး၊ မိုးသီးနှံထုတ် ချေးငွေကျပ် (၄၄၅)သိန်း ထုတ်ချေးပြီးဖြစ်ကြောင်း၊ မြို့နယ်အတွင်းရှိ ကျန်ရှိနေသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ဇာဇာ(အထက်မင်းလှ)