ဟားခါး မေ ၂၂
ချင်းပြည်နယ်စားသုံးသူရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီ အချိန်က ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ တိုင်းရင်းသားရေးရာဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် စားသုံးသူရေးရာကော်မတီခေတ္တဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ပေးရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲများပြုလုပ်ခြင်း၊ စားသုံးသူအကာအကွယ်ပေးရေးဆိုင်ရာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းစသည့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ လုပ်ဆောင်ခြင်းအားဖြင့် စားသုံးသူပြည်သူများ ပိုမိုစိတ်ချရသော ကုန်ပစ္စည်းများ အသုံးပြုနိုင်ရေးအတွက် များစွာအကျိုးရှိလာမည်ဖြစ်ကြောင်း၊ စားသုံးသူအကာကွယ်ပေးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများသည် စဉ်ဆက်မပြတ် ဆောင် ရွက်သွားမည့်လုပ်ငန်းများဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ ချင်းပြည်နယ်၊ စားသုံးသူရေးရာကော်မတီအတွင်းရေးမှူး ဦးလှမိုးနိုင်က စားသုံးသူရေးရာကော်မတီ၏ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ယနေ့ကျင်းပပြုလုပ်သည့် အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ရမည့်အချက်များကို ရှင်းလင်းဆွေးနွေးတင်ပြပြီး အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင်များက အကြုံပြုဆွေးနွေးတင်ပြ ကြပြီး ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက လိုအပ်ချက်များ ပေါင်းစပ်ပေးကာ နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)