လဟယ် မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင်၂၀၂၅-၂၀၂၆ ပညာသင်နှစ်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန် လဟယ်မြို့အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း ချယ်ရီမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ဦးစွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း Grade-12 ကျောင်းသား၊ သူများက''မြန်မာ့ကျောင်းသီချင်း"ဖြင့်သီဆို၍ အခမ်းအနားကိုဖွင့်လှစ်သည်။ ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပါသည်။ ၎င်းနောက်ဒေသအဆင့် ပညာရေးမှူးဆရာကြီး ဦးထိန်လင်းက ကျောင်းအပ်နှံရေးကာလ၊ လမ်းညွှန်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပါသည်။
ထို့နောက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းမှ မူလတန်းကျောင်းသား၊ သူများက ''ကျောင်းသွားကြမယ်" တေးသရုပ်ဖော်အကဖြင့် ဖော်ဖြေတင်ဆက်ပြီး နိုင်ငံတော်မှထောက်ပံ့သော အခမဲ့ပုံနှိပ်၊ ဗလာစာအုပ်များကို နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းကပေးအပ်ရာ အထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းထွေးက လက်ခံရယူပါသည်။ ၎င်းနောက် စက် မှု၊ စိုက်ပျိူး၊ မွေးမြူရေး အထက်တန်ကျောင်း Grade-12 ကျောင်းသား/သူများက "ဇာတိမာန်"သီချင်းဖြင့် သီဆိုဖျော်ဖြေပြီးအခမ်းအနားကို ရုတ်သိမ်းပါသည်။ ထို့နောက် နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များသည် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းသား/သူများ ကျောင်းအပ်နှံနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသအဆင့်ပညာရေးမှူး၊ အ.ထ.ကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ ကျောင်သား/သူများ တက်ရောက်ပါသည်။
လဟယ်(မြို့/နယ်)