အိမ်မဲ မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အခြေခံပညာကျောင်းများ၌ ယနေ့နံနက် (၉)နာရီအချိန်မှစတင်ကာ ကျောင်းသား/သူများ၏ ကျောင်အပ်နှံမှုများကို လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်အနေဖြင့် မေလ(၂၂)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့အထိ သတ်မှတ်ထားရှိပြီး အိမ်မဲမြို့နယ်အတွင်း အခြေခံပညာကျောင်း(၁၉၆) ကျောင်း၊ ဘုန်တော်ကြီးသင်ပညာရေးစာသင်ကျောင်း(၄)ကျောင်း စုစုပေါင်းကျောင်းပေါင်း (၂၀၀)တွင် ကျောင်းသားမိဘများက မိမိတို့၏ သားသမီးများကို ပညာနို့ချိုတိုက်ကျွေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဆရာ၊ ဆရာမများထံ၌ ကျောင်းအပ်နှံမှုများကို ဆောင်ရွက်လျက်ရှိကြပြီး ဆရာ၊ ဆရာမများက စနစ်တကျ ကျောင်းအပ် လက်ခံလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာ၌ ကျောင်းလခ၊ မိဘဆရာအသင်းကြေး၊ အားကစားကြေး၊ စာရေးကိရိယာကြေးနှင့် စာကြည့်တိုက်ကြေးအပါအဝင် မည်သည့်အခကြေးငွေကိုမှ ကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသား /သူများအား ပုံနှိပ်စာအုပ်နှင့် စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ချစ်သက်လယ်