ဝေါ မေ ၂၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ဘုရားပျိုကျေးရွာ၌ နိုင်ငံတော်မတည်ငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် သုတအလင်းရောင်စာကြည့်တိုက်အား မေလ ၂၀ ရက်နေ့နံနက်ပိုင်းက ကြည့်ရှု့စစ်ဆေးခဲ့သည်။
အဆိုပါ သုတအလင်းရောင်စာကြည့်တိုက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟထွန်းက ကျေးရွာစာကြည့်တိုက်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စာကြည့်တိုက်ကော်မတီဝင်များနှင့်တွေ့ဆုံကာ လိုအပ်သည်များဆွေးနွေးလမ်းညွှန်မှာကြားသည်။ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က ကျေးရွာသုတအလင်းရောင်စာကြည့်တိုက်အား စံ(၅)ချက်နှင့်အညီဖြစ်ပေါ်လာရေးနှင့် စာကြည့်တိုက်အချိန်မှန်ဖွင့်လှစ်နိုင်ရေးတို့အား စာကြည့်တိုက်ကော်မတီဝင်များ နှင့်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
မြို့နယ် (ပြန်/ဆက်)