ပခုက္ကူ မေ ၂၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်အဝေးကို ယမန်နေ့မွန်လွဲ ၃ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပခုက္ကူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ကျော်ဇေလတ်က အစည်းအဝေး ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ အကြောင်းရှင်းလင်းပြောကြားပြီး ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်စွာရဲက ခရိုင်အဆင့်ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် အလေးအလွင့်မရှိစေရန် အဆင့်ဆင့် ကြီးကြပ်ကွပ်ကဲမှုစနစ်ဖြင့် အလေးထားဆောင်ရွက်ရေး၊ ဌာနပိုင်ပစ္စည်းများနှင့် ရုံးစာရွက်စာတမ်းများ ပျက်စီးပျောက်ကွယ်မှု များမဖြစ်ပွားစေရေး စနစ်တကျထိန်းသိမ်းထားရှိရေး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ယာယီဒုတိယရဲမှူး သန်းဝင်းက ဌာနပိုင်ပစ္စည်းများနှင့် ရုံးစာရွက်စာတမ်းများ သယ်ယူပို့ဆောင်ရာတွင် ခြုံစိတ်ချရသည့်လမ်းကြောင်း၊ မော်တော်ယာဉ်တို့ဖြင့် သယ်ယူပို့ဆောင်ရေး၊ ဌာနပိုင်ပစ္စည်း (သို့မဟုတ်)ရုံးစာရွက်စာတမ်းများအား ဒေသတစ်ခုမှတစ်ခုသို့ အရေးကြီး သယ်ယူပို့ဆောင်ရန်ရှိပါက နယ်မြေခံတပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အကြံပြုချက်ရယူဆောင်ရွက်ရေး အကြောင်းတို့ကို ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသလုံခြုံရေး၊ ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ လုပ်ငန်းတာဝန်များ ဆောင်ရွက်နိုင်ရေး၊ ဌာနပိုင်ပစ္စည်းများနှင့် ရုံးစာရွက်စာတမ်း လုံခြုံစိတ်ချစွာ သယ်ယူပို့ဆောင်နိုင်ရေးများနှင့်စပ်လျဉ်း၍ ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)