ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိ

ပလောက် မေ ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ယနေ့ နံနက်ပိုင်းက အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံ စတင်လက်ခံလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့အတွင်း ကျောင်းများရှိ ဆရာ၊ ဆရာများက မူ၊ လယ်၊ ထက် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်နှံရေး သတင်းပတ်အဖြစ် မေလ (၂၂) ရက်နေ့မှ စတင်၍   ဇွန်လ (၁) ရက်နေ့အထိ ကျောင်းနေအရွယ် ကလေးများအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံလက်ခံ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နှင်းမြူလွင်(ပလောက်)