အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

အမာ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့’’ ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးလုပ်ငန်းများကို သက်ဆိုင်ရာအတန်းအလိုက် ဆောင်ရွက်လျက်ရှိရာ အခကြေးငွေ တစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်များ၊ ခဲတံများစသည်တို့ကို ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဇွန်လ(၁)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို သက်ဆိုင်ရာကျေးရွာများရှိ အခြေခံကျောင်းများအားလုံးတွင် ကျောင်းများအလိုက်  ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

အမာ (ပြန်/ဆက်)