သာပေါင်း မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် ကာကွယ်ရေးပင်စင်စား(၃၅၆)ဦး၊ နိုင်ငံရေးပင်စင်စား(၁၃၂)ဦး၊မြို့ပြ ပင်စင်စား(၅၄၅)ဦး၊ ရဲပင်စင်စား(၄၂)ဦး၊ ဘဏ်ဝန်ထမ်းပင်စင်စား (၈)ဦး ပေါင်းအငြိမ်းစား ပင်စင်စားဦးရေ(၁၀၈၃)ဦး ရှိရာ ယမန်နေ့က မြို့ပြပင်စင်(၁၉၄)ဦး၊ ကာကွယ်ရေးပင်စင်(၁၃၁)ဦး၊ နိုင်ငံရေးပင်စင်(၃၅)ဦး၊ ရဲ ပင်စင်စား (၁၆)ဦး၊ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်းပင်စင်(၁)ဦး ပေါင်းပင်စင်စား(၃၇၇)ဦး ထုတ်ပေးလျက်ရှိရာ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ကျန်းမာရေးချို့ယွင်းတဲ့ အငြိမ်းစားသက်ကြီး ပင်စင်စားများအား ဦးစားပေး၍ ဘဏ်ဝန်ထမ်းများက စနစ်တကျ ထုတ်ပေးလျက်ရှိနေပါကြောင်းနှင့် ပင်စင်လစာငွေများကို လစဥ်(၂၁)ရက်နေ့မှ လစာမထုတ်မီ တစ်ရက်အလိုရက်နေ့အထိ နံနက် ၈ နာရီမှစတင်၍ လာရောက်ထုတ်ယူသူ ပင်စင်စားကြီးများအားလုံးကိုထုတ်ပေးလျက်ရှိပြီး၊ ကျန်ရှိသူများကို အစိုးရ ရုံးပိတ်ရက်များမှ ဘဏ်ဖွင့်ချိန်အတွင်း ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးမွန်ထံမှ သိရသည်။
သိန်းမြင့်မျိုးဦး