ပေါင်းတည်မြို့နယ် ရွာပုလဲကျေးရွာအုပ်စု၌ နွေစပါး (ဗီယက်နမ်) စံကွက်ရိတ်သိမ်း တစ်ဧက ၁၂၈ တင်းကျော်ထွက်ရှိ

ပေါင်းတည် မေ ၂၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၃၀( A) ဘန့်ဘွေးကုန်းကျေးရွာ တောင်သူ ဦးမျိုးနိုင်ဦးစိုက်ပျိုးထားသော နွေစပါး(ဗီယက်နမ်) ၉ ဧက စိုက်ခင်း၌ ယနေ့နံနက် ၉နာရီခွဲက စံကွက်ရိတ်သိမ်းပွဲ ပြုလုပ်ကြသည်။

 အဆိုပါ စံကွက်ရိတ်သိမ်းပွဲသို့မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မြေစာရင်းဦးစီးမှူး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထိုသို့ စံကွက်ရိတ်သိမ်းခြင်းကို မြို့နယ်မြေစာရင်းဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက စိစစ်ကြီးကြပ် ဆောင်ရွက်ခဲ့ကြရာ တစ်ဧက စပါးအစို ၁၄၀ ဒသမ ၇၅ တင်းခန့် ထွက်ရှိသည့်အတွက် စပါးအခြောက်ထွက်နှုန်းကို ၁၂၈ ဒသမ ၀၈ တင်းခန့် ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။

ရွှေသား(IPRD)