နတ်မောက် ဒီဇင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ ဖျောက်ဆိပ်ပင်ပရိယတ္တိစာသင်တိုက်တွင် (၂၂)ကြိမ်မြောက် အာစရိယပူဇော်ပွဲနှင့် စာအောင်သံဃာတော်များ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဖျောက်ဆိပ်ပင်စာသင်တိုက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်မြတ်အပေါင်းတို့က နမောတဿသုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ် ခဲ့ပြီး စာသင်တိုက်ကိုတည်ထောင်သော ဆရာတော်များနှင့် ဖျောက်ဆိပ်ပင်အနွယ်ဖွား သက်တော် ဝါတော်ကြီးမားသောဆရာတော်များအား ပူဇော်ကန်တော့ခြင်းနှင့် စာအောင်သံဃာတော် များဖြစ်သည့် သာသနာ့ဓဇမ္မာစရိယ (၇)ပါး ၊ ပထမကြီးတန်း (၈)ပါး၊ ပထမလတ်တန်း ( ၁၂ )ပါး၊ ပထမငယ်တန်း (၁၂)ပါး၊ အခြေပြုမူလတန်း ( ၅ )ပါး ၊ စုစုပေါင်း (၄၄)ပါးကို ပညာရေးငွေပဒေသာပင်မှ ကျပ်သိန်း (၄၀၃ ၀၀၀ဝိ/-) ဆုချီးမြှင့်ပေးခဲ့ကြောင်းနှင့် နှစ်စဉ်လှူဒါန်းပေးသည့် အလှူရှင် ဦးထွန်းကြွယ်+ ဒေါ်သန်းသန်း မိသားစုမှ ဓမ္မာစရိယ (၅)ပါးကို တစ်ပါးလျှင် (၅၀၀၀၀)ကျပ်နှုန်း ဖြင့်လည်းကောင်း၊ ပထမပြန်သံဃာတော် (၃၇)ပါးကို တစ်ပါးလျှင် (၁၀၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း ၊ စုစုပေါင်းအလှူငွေ (၇၂၀၀၀ဝိ/) ဆက်ကပ် လှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
မူမူစန်း(နတ်မောက်)