ဇီးကုန်း မေ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မေလ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားခဲ့သော အမိုးလန်ပျက်ဆီးခဲ့သည့် လေဘေးသင့်အိမ်ထောင်စုများအား အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေများပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဇီးကုန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီကလတ်က အမှာစကားပြောကြား၍ ပေးအပ်မှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဇီးကုန်းမြို့နယ်တွင် မေလ ၁၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် တယ်ပင်ကန်ကျေးရွာအုပ်စု၊ နဂျီချောင်းကျေးရွာတွင် နေအိမ်(၁၀)လုံးနှင့် စပါယ်မျှောင်ကျေးရွာအုပ်စု၊ လှေးပုကုန်းကျေးရွာ၊ စပါယ်မျှောင်ကျေးရွာ၊ တောင်ရေကန်ကျေးရွာနှင့် အလယ်ကုန်းကျေးရွာတို့တွင် နေအိမ်(၂၂)လုံး၊ စုစုပေါင်းနေအိမ်(၃၂)လုံးအမိုးလန် ပျက်ဆီးခဲ့ပျက်ဆီးခဲ့သည့်အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၇၀၀၀၀/-)ကျပ်၊ လေဘေးသင့်အိမ်ထောင်စုများမှ လူဦးရေ(၁၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး (၅၈၀၀၀၀/-)ကျပ်၊ စုစုပေါင်း(၁၆၅၀၀၀၀/-)ကျပ်နှင့် မိုးကြိုးပစ်၍သေဆုံးသူတစ်ဦးအတွက်ငွေ သုံးသိန်းကျပ်ကို တာဝန်ရှိသူများက လေဘေးသင့်အိမ်ထောင်စုဝင်များထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
တင့်ဆွေ (ပြန်/ဆက်)